Main menu

မုံရွာမြို့၊နည်းပညာအစိုးရအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး‌ဟောပြောပွဲ ဆောင်ရွက်

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တတိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်၍ ( ၂၉.၁.၂၀၂၄) ရက်နေ့၌ မုံရွာမြို့၊မြို့သစ်ရပ်၊ နည်းပညာ အထက်တန်းကျောင်း (မုံရွာ)တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ရာ ဆရာ/ဆရာမ (၂၀)ဦး၊ ကျောင်း သား/ သူ(၂၀)ဦး၊ ပြည်သူ (၃၀)ဦး  စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါဟောပြောပွဲတွင် နည်းပညာအထက်တန်းကျောင်း (မုံရွာ)ကျောင်းအုပ်ဆရာကြီး ဦးဗိုလ်ဗိုလ်က အဖွင့်အမှာစကားပြောကြားရာ စားသုံးသူအသိပညာပေးဟောပြောပွဲကို လာရောက်ဆောင်ရွက်ခြင်းအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့ကျောင်း၏ နည်းပညာအရည်အသွေးသုံးစွဲမှု ဆောင်ရွက်ခြင်းများ၊ သင်ထောက်ကူဖြစ်စေခြင်းနှင့် မှတ်သားလိုက်နာစရာများ အတွက်ဗဟုသုတများရရှိမည်ဖြစ်ကြောင်း၊ ဆွေးနွေးဟောပြောပြီးပါကလည်း အပြန်အလှန် မေးမြန်းဆွေးနွေးစေလိုကြောင်း၊ ဆွေးနွေးပြောကြားခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ခေတ္တတိုင်ဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်က ဝန်ကြီးဌာန၏ဖွဲ့စည်းဆောင်ရွက် မှုများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူနစ်နာမှု ရှိပါက တိုင်ကြားမှုနည်းလမ်းများနှင့် တိုင်ကြားမှုများအား ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့မှုများအကြောင်း၊ ဌာန၏ ဗွီဒီယိုကလစ်များဖြင့်ပြသ၍ အသေးစိတ် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း၊ စားသုံးဌာနခွဲ တာဝန်ခံ ဒေါ်ခိုင်မို့မို့က “နှစ်စဉ်ကျင်းပသော ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့”ဆောင်ပုဒ်များအကြောင်းနှင့် မှန်ကန်သော စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်အဖွဲ့ AIက သတ်မှတ်ထား သော ဆောင်ပုဒ်မှာ “မျှတလေးမူ တာဝန်ယူ စားသုံးသူ အကျိုးပြုဉာဏ်ရည်တု” ဖြစ်ပြီး မတ်လ(၁၅) ရက်နေ့တွင် တိုင်းဒေသကြီး အစိုးရရုံး ချင်းတွင်းခန်းမ၌ပြပွဲများ၊ ဆောင်ပုဒ်များ၊ ကြော်ငြာသတင်းများ၊ ဖျော်ဖြေပွဲများနှင့် ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးဟောပြောခဲ့ပြီး၊ တက်ရောက်လာသူများမှ တိုင်ကြားမှုနှင့်ပတ်သက်၍ သိလိုသည်များ မေးမြန်းဆွေးနွေးခြင်းအား ခေတ္တတိုင်းဒေသကြီးဦးစီးမှူးက ပြန်လည်ဆွေးနွေး ရှင်းလင်းခြင်းနှင့်ဌာန၏ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)