Main menu

ချောက်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ထောက်ပံ့ပေးခြင်းဆောင်ရွက်

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် (၂၆.၁.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးမှ မြို့နယ်စီးပွားရေးဘဏ်၌ ပင်စင်လာထုတ်သည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဌေးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကြက်သားဆန်ပြုတ်ဖြင့် အာဟာရကျွေးမွေးထောက်ပံ့ပေးခြင်းများအား ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ဆက်လက်၍ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အမှတ်(၁)ရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာမျိုးသက်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ က သွေးဖောက်စစ်ဆေးခြင်း၊ ECG စစ်ဆေးခြင်း၊ မျက်စိစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ မြို့နယ်တိုင်းရင်း‌ဆေးဦးစီးဌာနက တိုင်းရင်းဆေးဝါးများအခမဲ့ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး နိုင်ငံ့ဝန်ထမ်းပင်စင်စားတစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ(၃၀)ကျပ်သား၊ ကုလားပဲ(၂)ဗူး ပစ္စည်း(၃)မျိုး ထောက်ပံ့ပေးခြင်းများဆောင်ရွက်ခဲ့ကြသည်။ ချောက်မြို့နယ်တွင် ရပ်ကွက်(၂၀)ရပ်ကွက်၊ ကျေးရွာ အုပ်စု (၅၁)အုပ်စု၊ အိမ်ထောင်စု (၄၅၂၇၂)စုတွင် နိုင်ငံ့ဝန်ထမ်းပင်စင်စား (၃၂၅၄)ဦးရှိပြီး (၂၆.၁.၂၀၂၄) ရက်နေ့တွင် ပင်စင်စားဦးရေ(၂၁၀၀)ဦးအား အာဟာရကျွေးမွေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေး ခြင်း၊ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)