Main menu

ပန်းကံ့ကော်ရနံ့ကိုယ်ပိုင်အထက်တန်းကျောင်းရှိ မုန့်စျေးတန်းစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကျင်းပခြင်း

Powered by Drupal

      ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ(၃၀) ရက်နေ့၊ နံနက် (၀၉:၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ပန်းကံ့ကော်ရနံ့ကိုယ်ပိုင်အထက်တန်းကျောင်း၌ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ ကျောင်း မုန့်ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဟောပြောဆွေး‌နွေးပွဲ ကျင်းပပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါ ပန်းကံ့ကော်ရနံ့ကိုယ်ပိုင်အထက်တန်းကျောင်းရှိ မုန့်ဆိုင်အား စစ်ဆေးရာတွင် ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၏ ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသည့် မုန့်များ၊ အသင့်သောက်အချိုရည်များကိုသာ ဝယ်ယူရောင်းချရန်နှင့် ဆိုးဆေးများပါရှိမှု ရှိ/မရှိ ကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ Mobile Lab မော်တော်ယာဥ်ဖြင့် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ဆက်လက်၍ ပင်မကျောင်းဆောင်ခန်းမတွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအခွင့်အရေးများနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် စားသုံးသူနစ်နာ ဆုံးရှုံးမှုများအား တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း ဟောပြောဆွေးနွေးခြင်းနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဘေးအန္တရာယ်ကင်းသောစားသောက်မှုများအကြောင်း ဟောပြောဆွေးနွေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း မေးခွန်းများမေးမြန်း၍ ဆုလက်ဆောင် ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ဆရာ/ဆရာမ နှင့် ကျောင်းသား/ သူ အင်အား ၁၁၃ဦး တက်ရောက်ခဲ့ပြီး နံနက်(၁၁း၁၅) နာရီအချိန်တွင်  ရုတ်သိမ်းခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(တနင်္သာရီ)