Main menu

စားသုံးသူရေးရာနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာသိကောင်းစရာများ သင်တန်းဖွင့်လှစ်ကျင်းပခြင်း

Powered by Drupal

     ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၃၀) ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဝန်ထမ်းများအား စားသုံးသူ အသိပညာပေး ဟောပြောခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများအား ပိုမိုသိရှိနားလည် တတ်ကျွမ်းစွာ ဆောင်ရွက်နိုင်စေရန်  ရည်ရွယ်၍ စားသုံးသူရေးရာနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ သိကောင်း စရာများသင်တန်း (၁/၂၀၂၄)ကို သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးတင်အောင်ကျော်မှ အဖွင့်မှာ စကားပြောကြားခဲ့ပြီး သင်တန်းတွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ အမှုထမ်း(၄)ဦး၊ နေ့စားဝန်ထမ်း(၃)ဦး၊ Zoom Meeting ဖြင့်  မြိတ်ခရိုင်ဦးစီးမှူးရုံးမှအမှုထမ်း(၈)ဦး၊ ကော့သောင်းမြို့နယ်တာဝန်ခံရုံးမှအရာထမ်း(၁)ဦး၊ အမှုထမ်း (၂)ဦး၊ စုစုပေါင်း (၁၈)ဦး တက်ရောက်ခဲ့ပါသည်။

     ဆက်လက်၍ သင်ခန်းစာများပို့ချရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ စားသုံးသူရေးရာ ဦးစီးဌာန၏ မျှော်မှန်းချက်(Vission)၊ ရည်မှန်းချက် (Mission)၊ မူဝါဒများနှင့် စားသုံးသူတိုင်ကြားမှုနှင့် ဖြေရှင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ စားသုံးသူအသိပညာပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ သိကောင်းစရာများအကြောင်း ပို့ချရှင်းလင်းဆွေးနွေးခဲ့ပြီး (၃၁.၁.၂၀၂၄)ရက်နေ့တွင် ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဥ်း၍ သိကောင်းစရာများ၊ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များ ၊ စစ်ဆေးရေးအရာရှိများ၏ လုပ်ငန်းတာဝန်များအကြောင်း ပို့ချဆွေးနွေးခဲ့ပြီး သင်တန်းသားများနှင့် သင်ခန်းစာများအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး သင်တန်းဆင်းအခမ်းအနားကို ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးတင်အောင်ကျော်မှ သင်တန်းသားများအား  သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းကို ညနေ(၁၆:၁၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)