Main menu

ကန့်ဘလူခရိုင်၏ ဇန်နဝါရီလအတွင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအသိပညာပေးဟောပြောပွဲများကို အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်များ ၊ ကျေးရွာများ၊ ဈေးများနှင့်စက်ရုံအလုပ်ရုံတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

      ဇန်နဝါရီလအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲများကို (၁၀.၁.၂၀၂၄)ရက်နေ့တွင် ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ(အ.လ.က)ခွဲကျောင်းနှင့် (၁၂.၁.၂၀၂၄) ရက်နေ့တွင် ကန့်ဘလူ မြို့ အမှတ်(၅)“အ.လ.က”ကျောင်းတို့တွင်ဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများမှ စားသုံးသူအခွင့်အရေး(၈)ချက်ကို သိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု များကြုံတွေ့လာရပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကိုလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို သေချာစိစစ်ရွေးချယ်ဝယ်ယူအသုံးပြုကြရန် ဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)