Main menu

ပြည်နယ်စားသုံးသူရေးရာကော်မတီ(၁/၂၀၂၄)အစည်းအဝေးကို ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွား ရေးရာဝန်ကြီးခန်းမတွင် ကျင်းပပြုလုပ်

Powered by Drupal

   ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကော်မတီအစည်းအဝေး(၁/၂၀၂၄)ကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အစည်းအဝေးတွင် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၃ခုနှစ်၊  ပြည်နယ်စားသုံးသူရေးရာကော်မတီ (၁၂/၂၀၂၃) အစည်းအဝေး၏ ဆုံးဖြတ်ချက်များပေါ် သက်ဆိုင်ရာကော်မတီဝင်များအနေဖြင့် ဈေးကွက်အတွင်းသို့ သက်ဆိုင်ရာဌာနများက တရားမဝင်ကုန်စည်အဖြစ် ကြေညာထားသည့် ကုန်ပစ္စည်းများ  ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းစသည့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းဆွေနွေးခဲ့ပြီးနောက် ပြည်နယ်စားသူရေးရာကော်မတီအတွင်းရေးမှူးဦးလှမိုးနိုင်က  ၂၀၂၄ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားအတွက် မိမိတို့စားသုံးသူရေးရာကော်မတီအဖွဲ့များအနေဖြင့် ယခင်နှစ်ထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်၍ အခမ်းအနားဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းတင်ပြခဲ့ရာ စီးပွားရေးရာဝန်ကြီးက ကော်မတီအဖွဲ့ ဝင်များအနေဖြင့် အဆိုပါ အခမ်းအနားဖြစ်မြောက်ရေးအတွက် လိုအပ်သည့် အကူအညီများကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်  လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

DOCA(ချင်း)