Main menu

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

   ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်သည် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သာပေါင်းမြို့ အမှတ် (၂) ရပ်ကွက်ရှိ မြတ်မွန်တံမြက်စည်း ပြုလုပ်ရောင်းချလျက်ရှိသော လုပ်ငန်းရှင်နှင့် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ပါသည်၊၊

      ထိုသို့သွားရောက်ခဲ့ပြီး မြတ်မွန်တံမြက်စည်းလုပ်ငန်းရှင်နှင့် တွေ့ဆုံကာ ကုန်ကြမ်းဝယ်ယူရရှိမှု လုပ်သားအင်အား ရင်းနှီးမြှုပ်နှံမှု ကုန်ကြမ်းဝယ်ယူသိုလှောင်မှု ရောင်းချသည့် ဈေးကွက်အခြေအနေတို့အား သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာတွင် တံမြက်စည်းကုန်ကြမ်း ကိုင်းဘောများကို နှစ်ပတ်လည်သိုလှောင်ကာ တစ်နှစ်လုံးကုန်ချောပြုလုပ်ကာ တိုင်းဒေသကြီးအတွင်း မြို့နယ်များသို့ ရောင်းချလျက်ရှိကြောင်း ၊တံမြက်စည်းကို အိမ်တိုင်းမရှိမဖြစ် သုံးစွဲလျက်ရှိကြောင်း ၊အိမ်တွင်းစီးပွားရေးလုပ်ငန်းမှ လုပ်ငန်းထပ်မံ တိုးချဲ့လုပ်ကိုင်ခြင်းဖြင့် ဒေသခံများလည်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာမှာဖြစ်ကြောင်း၊ ကိုယ်ပိုင်စီးပွားရေးဖွံ့ဖြိုးမှုမှ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ တိုးတက်လာမှာဖြစ်ကြောင်း ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပေါင်းစပ်ကာ ချေးငွေရရှိစေရေးနှင့်   MSMEs လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်၊၊

DOCA(ဧရာဝတီ)