Main menu

မြိတ်မြို့၊ ထားဝယ်ကမ်းရပ်၊ အခြေခံပညာမူလတန်းကျောင်း(အမက)၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောကွင်းဆင်း

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၏ဦးဆောင်မှုဖြင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၆) ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်မြို့၊ ထားဝယ်ကမ်းရပ်၊ အခြေခံပညာမူလတန်းကျောင်း(အမက)၌ ကျောင်းသား/ ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ ရွေးချယ်ဝယ်ယူစားသုံး‌နိုင်စေရေး ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ဟောပြောခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနတာဝန်ရှိသူက စားသုံးသူများတွင်အခွင့်အရေး(၈)ချက်ရှိကြောင်း၊ စားသုံးသူနစ်နာမှုဖြစ်ပါက တိုင်ကြားနိုင်ကြောင်း၊ အစားအသောက်ဝယ်ယူရာတွင် ကုန် အညွှန်းအမှတ်အသားပါရှိသော စားသောက်ကုန်များဝယ်ယူသင့်ကြောင်း၊ အစားအသောက်များအား ထုတ်လုပ်/ကုန်ဆုံးရက်ကြည့်၍ စားသုံးသင့်ကြောင်း၊ ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတာဝန်ရှိသူက အစားအသောက်/ ထုတ်ကုန်သင်တန်းများ ဖွင့်လှစ်ပေးနေကြောင်း၊ အစားအသောက်များရွေးချယ်စားသုံးတတ်စေရန်နှင့် အစားအသောက်များတွင် ပါဝင်တတ်သော ဓါတုဆေးများအကြောင်းပြောကြားခြင်းနှင့် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သုံးစွဲရန် မသင့်သော ဓါတုဆေးနှင့် ဆိုးဆေးများအကြောင်း၊ အစားအသာက်စားသုံးရာတွင် ဘေးကင်းစေရန် လိုက်နာဆောင်ရွက်သင့်သည့်အချက်များနှင့် စားသုံးရန်မသင့်သောအစားအသောက်များအား FDA website တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး  ဟောပြောပွဲအပြီးတွင် ကျောင်းသူ/သားများအတွက် ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးရည်ရွယ်၍  ကျောင်းမုန့်စျေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/မ၊ ကျောင်းသား/သူ စုစုပေါင်း (၇၅)ဦးခန့် တက် ရောက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)