Main menu

ကျိုက်လတ်မြို့နယ်၊ ကလပ်ရပ်ကျေးရွာ အ.ထ.က ခွဲ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ(၅) ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆရာ/မ(၁၀)ဦး၊ ကျောင်းသား/သူ (၁၂၉) ဦးအား ကျိုက်လတ်မြို့နယ် ကလပ်ရပ် ကျေးရွာ အ.ထ.က ခွဲ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ အကြောင်း၊ တားမြစ်ဆိုးဆေးများအကြောင်း၊စားသုံးရန် မသင့်သည့်အစားအစာများအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့အပြင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များအကြောင်း၊ ကုန်ပစ္စည်းများရွေးချယ်ဝယ်ယူသုံးစွဲရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ တခြားဘာသာတစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ၊ဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကို မသုံးစွဲကြရန်နှင့် ဈေးကွက်အတွင်းရှိ စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူစားသောက်ကြရန်၊စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ရှိလာပါက တိုင်ကြားနိုင်မှု အခြေအနေများ အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)