Main menu

မိုးညှင်းမြို့နယ်၊မေတ္တာဖောင်ဒေးရှင်းအသင်းအဖွဲ့အားအသိပညာပေးဟောပြော

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် ၆.၂.၂၀၂၄ ရက်နေ့တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌ မိုးညှင်းမြို့နယ်၊ မေတ္တာဖောင်ဒေးရှင်းအသင်းအဖွဲ့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

     စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပွါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အခွင့်အရေးများဖြစ်သည့် စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင်စိတ်ကျေနပ်မှုရရှိစေခြင်း၊ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာသို့မဟုတ် အထောက်အထား ရယူခွင့်ရှိခြင်း စသည့်အချက်များ၊ စားသုံးသူ၏တာဝန်များဖြစ်သော ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်းစသည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်မည့် နည်းလမ်းများနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ယခုလက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေ များ အကြောင်းတို့ကို သိရှိလိုပါက ဦးစီးဌာန၏ Website လိပ်စာဖြစ်သော www.doca.gov.mm တွင်ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ကချင်)