Main menu

(၇၇) ကြိမ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို တောင်ကြီးမြို့အဝေရာမီးပုံးပျံကွင်း၌ကျင်းပ

Powered by Drupal

     ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့တွင်  ကျရောက်သည့် (၇၇) ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်(၈:၀၀) နာရီတွင် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၍ ကျင်းပခဲ့ပါ သည်။

   အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဘရွှေ၊ ဦးခွန်စံလွင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ကျောင်းသူ/ ကျောင်းသားများ၊ ပြည်သူလူထုများ တက်ရောက်ခဲ့ပါသည်။

   အခမ်းအနားတွင် ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌမှ ပေးပို့သည့်သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးခွန်စံလွင်မှ ဖတ်ကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည် နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်နေ့ ကျင်းပရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းဖတ်ကြားခဲ့ပါသည်။

      ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ အဖွဲ့သည် ရှမ်းပြည်နယ်နေ့ တွင် ခင်းကျင်းပြသထားသည့် ဌာနဆိုင်ရာ ပြခန်းများ ၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားလုပ်ငန်းရှင်များ၏ ပြခန်းများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြပါသည်။ ရှမ်းပြည်နယ်နေ့တွင် ပြခန်းပေါင်း (၅၀) ကျော် ပါဝင်ပြသခဲ့ပြီး ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ၊ (ပြည်ထောင်စုနေ့ ) အထိ ခင်းကျင်းပြသသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)