Main menu

ကျိုက်လတ်မြို့နယ်၊ ခနောင်(၁) အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

    ကျိုက်လတ်မြို့နယ်၊စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁) ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီ အချိန်တွင် ကျိုက်လတ်မြို့နယ်၊ ခနောင်(၁) အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ၊ဆရာမ(၅)ဦး၊ကျောင်းသား/သူ (၁၃၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးမိုးမင်းသန်းမှ တားမြစ်ဆိုးဆေးများအကြောင်း၊တာရှည်ခံ ဆိုးဆေးများ အသုံးပြုထားသော ကုန်စည်များကို ဝယ်ယူသုံးစွဲခြင်း မပြုကြရန် နှင့် ကျောင်းသား/သူများအား ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာစာပါဝင်ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်သောမုန့်များကိုဝယ်ယူသုံးစွဲကြရန်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေး ဦးစီးဌာနမှ တားမြစ်ထားသော ကုန်စည်များဖြစ်သည့် အသားလုံး/ အသားချောင်း များကို ဝယ်ယူစားသုံးခြင်း မပြုကြရန်၊ အစားအသောက်များ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊စိတ်ကျေနပ်မှုရရှိစေရေး၊ အာမခံချက်ရှိသည့် အစားအစာများ ဝယ်ယူသုံးစွဲကြရန်လိုအပ်ကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာရှိလာပါက စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www.doca.gov.mm website နှင့် callcenter 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)