Main menu

ဘိုကလေးမြို့နယ်၊ (၇)ရပ်ကွက် အ.မ.က ကျောင်းရှိ ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

Powered by Drupal

    ဘိုကလေးမြို့နယ်၊စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ (၅)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ် (၇) ရပ်ကွက် အ .မ.က ကျောင်းရှိ ဆရာ/ဆရာမ(၁၃)ဦး၊ ကျောင်းသား/သူ (၈၅)ဦး၊စုစုပေါင်း(၉၈)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

  အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးမှ စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ဓာတုဆိုးဆေးများအကြောင်း၊စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း ၊ ဈေးကွက်ရောက် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များအကြောင်း ရှင်းလင်းဟောပြောအသိပညာပေးခဲ့ပါသည်။ ထို့အပြင် ကျန်းမာရေးနှင့် ညီညွတ်သော ကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် ဘေးအန္တရာယ်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် Center များ ဖွင့်လှစ်ထားရှိကြောင်းနှင့် သက်ဆိုင်ရာ စားသုံးသူရေးရာဦးစီးဌာနများသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စသည့် အသိပညာပေးဟောပြောခဲ့မှုအပေါ် သတင်းရရှိပါ သည်။

DOCA(ဧရာဝတီ)