Main menu

ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာ၊ အမှတ်(၂၀) အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ/မ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်မှူး ဦးစိုးမင်းထိုက်၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့်ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ (၂) ရက်နေ့ ၊နံနက် (၁၀:၀၀) အချိန်တွင် ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာ၊ အမှတ်(၂၀) အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၃၇၂)ဦး၊ ဆရာ/ဆရာမ (၁၀) ဦး၊စုစုပေါင်း(၃၈၂)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် ဒု-ခရိုင်မှူး ဦးစိုးမင်းထိုက်မှ တားမြစ်ဆိုးဆေးများအကြောင်း၊ စားသုံးရန်မသင့်သည့် အစားအစာများအကြောင်း၊ တွဲဖက်မစားသင့်သည့် အစားအစာများအကြောင်း တို့ကိုရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့အပြင်ကုန်ပစ္စည်း၏ ထုတ်လုပ်သည့်ရက်၊ သက်တမ်းကုန်ဆုံးသည့်ရက်၊ ကုန်ပစ္စည်းများ ရွေးချယ်ဝယ်ယူစားသုံးရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊တခြားဘာသာ တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကို မသုံးစွဲကြရန်နှင့် ဈေးကွက်အတွင်းရှိ စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူစားသောက်ကြရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)