Main menu

ဘီးလင်းမြို့နယ် အ.ထ.က (ခွဲ)နှင်းပုလဲကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

    ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က) ခွဲကျောင်း၌ ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၇.၂.၂၀၂၄) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်း(ဦးစီးမှူး)မှ စားသုံးသူရေးရာဦးစီးဌာနဖွဲ့စည်းခဲ့ပုံ သမိုင်းကြောင်းနှင် ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊လုပ်ငန်းတာဝန်များ၊ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ဟောပြောဆွေးနွေးပြီး ဒုတိယဦးစီးမှူး ဦးစည်သူမှ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ လုံခြုံစိတ်ချ ရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိပါက ပြန်လည်ကုစားခွင့်နှင့် တိုင်ကြားနိုင်မည့် နည်းလမ်းများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

     ဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမ(၂၁)ဦး၊ ကျောင်းသား/ကျောင်းသူ(၂၇၅) ဦး တက်ရောက်၍ ဌာနမှ လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(မွန်)