Main menu

ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ၆.၂.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ကျန်းမာရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အမှတ်(၁)အောက်ဈေးအတွင်းရှိ ဆေးဆိုင် (၁၀)ဆိုင်အား ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အမှတ်(၁)အောက်ဈေးအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာ ဆေးဈေးနှုန်းများအနေဖြင့် ယခင်လနှင့်ယခုလနှိုင်းယှဉ်လျှင် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းပြောင်းလဲခြင်းမရှိကြောင်းနှင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းနှင့် သွေးတိုးကျဆေး (AMTAS-5)၊ အစာအိမ်ဆေးများဖြစ်သည့် SILOXOGENE နှင့် AIR-X ဆေးများမှာ ဈေးကွက်အတွင်း ဝယ်လိုအားကောင်းလျက်ရှိကြောင်းသိရှိရပြီး ဆေးနှင့်ဆေးပစ္စည်းများအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမရှိကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)