Main menu

မုဒုံမြို့နယ် အ.ထ.က (ကမာဝက်) ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

Powered by Drupal

     ၇.၂.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်ခရိုင်ဦးစီးမှူး ရုံးအဖွဲ့နှင့် မုဒုံမြို့နယ်တာဝန်ခံတို့ ပူးပေါင်း၍ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကမာဝက်မြို့ အ.ထ.က(ကမာဝက်) ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးကိုယ်စား ဒေါ်မြင့်မြင့်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်မှ စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြီး ကုန်စည်များကို ဝယ်ယူအသုံးပြုရာတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ပါဝင်သော ကုန်စည်များကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် ရှင်းလင်းဆွေးနွေးပြီး၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူများမှ လူကိုယ်တိုင်ဖြစ်စေ Facebook စာမျက်နှာမှတစ်ဆင့်တိုင်ကြားနိုင်ကြောင်း၊ DOCA Myanmar Mobile Application နှင့် Consumer Call Center (1535) တို့ တိုင်ကြားနိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    ဟောပြောပွဲသို့ အ.ထ.က(ကမာဝက်)ကျောင်းမှ ဆရာ/ဆရာမ (၃၅)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၂၅၉) ဦး တက်ရောက်ခဲ့ပြီး မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးမှ လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)