Main menu

မုဒုံမြို့နယ် အ.လ.က (ကမာဝက်) ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

Powered by Drupal

    ၇.၂.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်ခရိုင်ဦးစီးမှူး ရုံးအဖွဲ့နှင့် မုဒုံမြို့နယ်တာဝန်ခံတို့ ပူးပေါင်း၍ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကမာဝက်မြို့ အ.လ.က(ကမာဝက်) ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးကိုယ်စား ဒေါ်ခင်ထွေးမှုက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ခင်လေးနွယ်မှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များ၊ လုပ်ငန်း တာဝန်များ၊ စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ Consumer Call Center အကြောင်းအရာများအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဦးစီးအရာရှိ‌ ဒေါ်ဝါဝါမြိုင်က စားအုန်းဆီ (၃) မျိုးအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

   ဟောပြောပွဲသို့ အ.လ.က(ကမာဝက်)ကျောင်းမှ ဆရာ/ဆရာမ (၁၅)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၁၅၀) ဦး တက်ရောက်ခဲ့ပြီး မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးမှ လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)