Main menu

ဘားအံမြို့ပေါ်ရှိ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်တွင်းဌာနတာဝန်ခံ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင် ဦးဆောင်သော ဝန်ထမ်းများသည် (၇-၂-၂၀၂၄) ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သောပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်နယ်ကုသရေးဦးစီးဌာန၊ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်စုံစမ်းရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဘားအံမြို့ပေါ်ရှိဆေးဝါးနှင့်ဆေးပစ္စည်းလက်ကားအရောင်းဆိုင်(၆)ဆိုင်အားဆေးနှင့်ဆေးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချနေခြင်း ရှိ/မရှိ၊ ဈေးကွက်ပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်လုပ်ငန်းရှင်များအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများ စျေးကွက်အတွင်းစျေးနှုန်းမြှင့်တင်ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ၊စျေးနှုန်းမြင့်တက်ခြင်းရှိ/မရှိ၊စျေးကစား ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများရှိ/မရှိ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ဆေးဆိုင်လုပ်ငန်းရှင်များအနေဖြင့် သက်တမ်းလွန်ဆေးဝါးများ၊ သုံးစွဲရန်မသင့်သောဆေးဝါးများ ဝယ်ယူရောင်းချခြင်းမပြုရေး အသိပညာပေး ပြောကြားခဲ့ကြောင်းသိရသည်။

      ထို့နောက် ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဆေးဝါးများအား စျေးကွက်အတွင်းစျေးနှုန်းမြှင့်တင်‌ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက (၃၀-၃-၂၀၂၀) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၁/၂၀၂၀) ဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

DOCA(ကရင်)