Main menu

ဖြူစင်သန့် ဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး စစ်ဆေးခြင်း

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးအောက်ရှိ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင်မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် (၆.၂.၂၀၂၄) ရက်နေ့ ၊နံနက်(၁၀၀၀) နာရီ အချိန်တွင် ဆားမလောက်ကျေးရွာရှိ စိမ်းလဲ့မြေဆန်စက်သို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ ဆန်စက်အတွင်း လုပ်ငန်းလည်ပတ်မှုအခြေအနေများကို ကြည်ရှုစစ်ဆေးပြီး ၊ ဆန်/စပါး ဝယ်ယူကြိတ်ခွဲမှုအခြေအနေ၊ ထွက်ရှိသော ဆန်များ တင်ပို့ရောင်းချမှုအခြေအနေများ၊ စပါး/ဆန် ဈေးနှုန်းအခြေအနေများကို မေးမြန်းခဲ့ပါသည်။ ဆက်လက်၍ သိုလှောင်ရုံမှတ်ပုံတင်ခြင်း ကိစ္စရပ်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)