ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဦးစီးမှူး ရုံးမှ ဦးအောင်လွင်(မြို့နယ်ဦးစီးမှူး)သည် ညောင်တုန်းမြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေး ဦးစီးဌာနဦးဆောင်မှုဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့နှင့် ပူးပေါင်းကာဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ (၅.၂.၂၀၂၄)ရက်နေ့ (၁၀၀၀) နာရီအချိန်က ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြသည်။
အဆိုပါ စစ်ဆေးမှုတွင် မြို့နယ်အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆေးဆိုင် (၇) ဆိုင်ကိုကွင်းဆင်းစစ်ဆေး၍ ကောင်းမွန်သောဆေးဝါးရောင်းချမှုကျင့်စဉ် နှင့်အညီရောင်းချမှုရှိစေရေးကို ဆောင်ရွက်ခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ် အသားနှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်ခြင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနက တိုင်းရင်းဆေးဝါမှတ်ပုံတင်(အသစ်) ကတ်ပြား ထုတ်ယူနိုင်ရေး အကြောင်းအရာများ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)