Main menu

ကန့်ဘလူမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။

       အဆိုပါ အမိန့်အကြော်ငြာစာအား  ကန့်ဘလူခရိုင်အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ၊ ဆေးနှင့်ဆေးပစ္စည်းများကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမရှိစေရန် ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီလ ၅ ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း၊ ဒေါ်အိမွန်ကျော် အငယ်တန်း စာရေးနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းတို့ပူးပေါင်း၍ ကန့်ဘလူမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိကြောင်းစိစစ်တွေ့ရှိရပြီး လုပ်ငန်းရှင်များအနေဖြင့် အမိန့်ကြော်ငြာစာအမှတ်(၂၁/၂၀၂၀)အား လိုက်နာဆောင်ရွက်ခြင်းမရှိက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)