စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၅.၂.၂၀၂၄ရက်နေ့တွင် မိုးမောက်မြို့နယ်၊(၇)မိုင်အောင်မြေကျေးရွာ၊ဖော့စက်ရုံ၌ စီးပွားရေးလုပ်ငန်းရှင်(၄)ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ပုဒ်မ (၄၁)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိတို့ထုတ်လုပ်သည့် ကုန်စည်များပေါ်တွင် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြပါရှိသည့် ကုန်ပစ္စည်းများကိုသာ ထုတ်လုပ်တင်ပို့ရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာနတွင် တင်ပြလျှောက်ထားနိုင်ပါကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းရေး၊ မှန်ကန်သောသတင်းအချက်အလက်နှင့်ပြည့်စုံသော ဝန်ဆောင်မှု အဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးခြင်း၊ စားသုံးသူများ၏ စိတ်ကျေနပ်မှုရရှိစေရေးနှင့် စားသုံးသူများ၏ လိုအပ်ချက်နှင့်ကိုက်ညီမှုရှိခြင်းစသည့် ဝန်ဆောင်မှုနှင့် သက်ဆိုင်သောအကြောင်းအရာများနှင့် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့်ထုတ်ကုန်များကို ဖြန့်ဖြူးရောင်းချရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။
DOCA(ကချင်)