ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ရှိ ယူကေစိန် သင်ဖျာလုပ်ငန်းသို့ မအူပင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ သွားရောက်၍ (၈.၂.၂၀၂၄)ရက်နေ့၊နေ့လယ် (၁၄:၀၀)တွင် လုပ်ငန်းဆောင်ရွက်မှုအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရန် ကွင်ဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ယူကေစိန်သင်ဖျာလုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်ကိုမေးမြန်းခဲ့ပြီး၊ ရောင်းချနေသော သင်ဖျာဈေးနှုန်းများ၊ အရောင်းအဝယ်ဖြစ်ပေါ်နေမှု ဈေးကွက်နှင့် ကုန်ကြမ်းရရှိမှုတို့ကို မေးမြန်းခဲ့ပါသည်။ ၎င်းနောက် သင်ဖျာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းအဖွဲ့၊ အစုအဖွဲ့ဖွဲ့စည်းဆောင်ရွက်လျင် ပိုမိုအဆင်ပြေနိုင်သော နည်းလမ်းများအကြောင်းနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်များအကြောင်း၊ SMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအကြောင်းကိုပါ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)