Main menu

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများမှတ်ပုံတင်ခြင်းဆိုင်ရာအသိပညာပေးအခမ်းအနား ကျင်းပ

Powered by Drupal

       ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်(စနေနေ့) နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ သယံဇာတရေးရာဝန်ကြီးမှဦးဆောင်၍ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း (Online Sales) မှတ်ပုံတင်ခြင်း ဆိုင်ရာအသိပညာပေးခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် သံယံဇာတရေးရာဝန်ကြီး ဦးရွှေစင်က  အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ ကုန်သွယ်ရေးဦးစီးဌာန၊ ရုံးချုပ်၊ နေပြည်တော်မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင်မှ အွန်းလိုင်းစနစ်ဖြင့် ရောင်းချခြင်း(Online Sales) မှတ်ပုံတင်ခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

        ၎င်းနောက် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်နေပြည်တော်မှ ဦးထက်ဝင်းအောင်၊ လက်ထောက်ညွှန်ကြားရေးမှူးမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း(Online Sales) မှတ်ပုံတင်ခြင်းဆိုင်ရာ အကျိုးအပြစ်များ၊ ခံစားခွင့်များ၊ ဥပဒေများနှင့်နည်းဥပဒေများကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ ရုံးချုပ်နေပြည်တော်မှ ဒေါ်နွယ်နီဝင်း၊ လက်ထောက် ညွှန်ကြားရေးမှူးမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း(Oniline Sales)မှတ်ပုံတင် လျှောက်ထား နိုင်ရေး e-comReg System နှင့် မှတ်ပုံတင်လျှောက်ထားခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်အား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ မန္တလေးမြို့ရှိ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိ ရပါသည်။  တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး မှတ်ပုံတင် ပြုလုပ်ရန် အထောက်အထားပြည့်စုံစွာပါရှိသည့် လုပ်ငန်းရှင်များအား (Online Sales) မှတ်ပုံတင်ခြင်း လုပ်ငန်းကို One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)