စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက် ရှိရာ ဖေဖေါ်ဝါရီလ(၁၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်အတွင်းရှိ သစ်ရာမြိုင်ဈေးတိုက်တန်း ဒေါ်တင်ဖွေး ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးသိန်းဝင်းဦး နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်တို့မှ ပူးပေါင်းကာ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်သည့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချနေသောကုန်ပစ္စည်းများအား စားသုံးသူများက နေ့စဉ်စားသုံးလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြံစိတ်ချရမှု ရှိစေရေး ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များ နှင့်ကိုညီမှု ရှိ/မရှိ ၊ထုတ်ကုန် လုံခြုံစိတ်ချရမှု ရှိ/မရှိ ၊ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ ၊သက်တမ်းလွန် ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ထုတ်ကုန် လုံခြုံစိတ်ချရမှု ရှိသည့် ကုန်စည်များကိုသာတွေ့ရှိရကာ၊ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းနှင့် ကိုက်ညီမှုရှိပြီး သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချမှု မရှိသည်ကိုလည်း တွေ့ရှိရပါသည်။
ထို့နောက် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ် စိစစ်ချက်များအတိုင်း ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ အတည်ပြုချက်ရယူနိုင်ရေး ဆောင်ရွက်ကြရန်နှင့် မိမိတို့ စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသား လျှောက်ထားရာတွင် အခမဲ့ ကူညီဆောင်ရွက်ပေးပါကြောင်း ၊ ဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များနှင့် လိုက်နာရမည့် အချက်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး ဌာန၏ ဥပဒေနှင့် ညွန်ကြားချက်များပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)