Main menu

စားသုံးသူအခွင့်အရေးသိရှိစေဖို့ စာသင်ကျောင်းများသို့ ဟောပြောဆွေးနွေး အသိပညာပေးကြစို့

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ် တာဝန်ခံ ဒေါ်ဝေဝေအောင်သည် စားသုံးသူပြည်သူများကို စားသုံးသူ အခွင့်အရေးနှင့် အကျိုးစီးပွား ကာကွယ်ရန် ၊ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် (၁၃.၂.၂၀၂၄)ရက်နေ့ နံနက် (၀၈:၃၀) နာရီ အချိန်တွင်  ကျွန်းလှမြို့ ပိတောက်မြိုင်ရပ်ကွက်ရှိ မူလွန်(၁) ပိတောက်မြိုင်ကျောင်း တွင်  စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီမြင့်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က  စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ အဆင့်ဆင့်အကြောင်း၊ စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ၊ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ် ၊ မတ်လ (၁၅)ရက်နေ့ မှာ ပြဌာန်းခဲ့ပြီး အခန်းပေါင်း(၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခု ပါဝင်ပြဌာန်းထားကြောင်း၊ ယခု ၂၀၂၄ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့မှာ ဆိုရင်လည်း မျှတအလေးမူ တာဝန်ယူ၊ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု ဟူသော ဆောင်ပုဒ်နှင့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားသုံးသူများအနေနဲ့ စားသုံးသူအခွင့်အရေး(၈) ချက်၊ စားသုံးသူများလိုက်နာ ဆောင်ရွက်ရမည့် တာဝန်(၄)ချက် ၊ စားသုံးသူအကာကွယ်ပေးရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် အချက်များကို ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူ စားသောက် အသုံးပြုတတ်ရန် နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ကြောင်း ၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် မိမိတို့ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ(CICC) တွင်လည်းကောင်း ၊ Facebook Page ဖြစ်တဲ့ DOCA Myanmar Page တွင်လည်းကောင်း ၊  မိမိတို့ဌာန Website  ဖြစ်တဲ့ www. doca.gov. mm တွင်လည်းကောင်း တိုင်ကြားနိုင်ပြီး စားသုံးသူကိစ္စရပ်များ စုံစမ်းမေးမြန်းရန်အတွက် Call Center No. 1535 အား ဖွင့်လှစ်ထားရှိကြောင်း ၊ သားတို့ သမီးတို့အနေနဲ့ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိတဲ့ ကုန်ပစ္စည်း များကိုသာ ရွေးချယ်ဝယ်ယူ စားသောက်အသုံးပြုတတ်ရန်အတွက် ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမ(၁၅)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၁၆)ဦး၊ စုစုပေါင်း (၁၃၁)ဦး တို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး (၂/၂၀၁၉)ညွှန်ကြားချက်ပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။  

DOCA(စစ်ကိုင်း)