၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ရက်နေ့၊ နေ့လယ် (၂:၀၀)နာရီတွင် ကော့သောင်းမြို့ ပေါ်ရှိ ဆေးဆိုင် (၅)ဆိုင်အား ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာ၊ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ စျေးကွက်အတွင်းဖြန့် ဖြူးရောင်းချနေသည့် ဆေးဝါးများ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ဘေးအန္တာရယ်ဖြစ်နိုင်သည့် သက်တမ်းလွန်ဆေးဝါးများရောင်းချနေခြင်းရှိ/ မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
စစ်ဆေးရေးအဖွဲ့ဝင်များသည် အဆိုပါ ဆေးဆိုင်လုပ်ငန်းရှင်များအား တရားမဝင်မှတ်ပုံတင်ထားသည့် ဆေးဝါးများကိုသာ ရောင်းချစေရေး၊ တရားမဝင်ဆေးဝါးများကိုရောင်းချမှုမရှိစေရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)