၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ နံနက်(၀၈း၃၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ကမ်းနားပျံကျစျေးအတွင်းရှိ အသား၊ ငါး၊ ပုစွန် အရောင်းဆိုင်များအား သက်ဆိုင်ရာဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် အတူ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စျေးအတွင်းရောင်းချနေသော ကြက်သား၊ ဝက်သား၊ ငါး၊ ပုစွန်တို့တွင် စာသုံးသူပြည်သူများ အန္တရာယ်ဖြစ်စေနိုင်သည့် ဖော်မလင်ဆေးရည်များ စိမ်ခြင်း/ထိုးနှံရောင်းချခြင်း ရှိ/မရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ Mobile lab မော်တော်ယာဥ်နှင့် စစ်ဆေးခြင်းနှင့် သန့်ရှင်းလတ်ဆတ်စွာဖြင့် ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)