Main menu

ဖျာပုံခရိုင် ၊ ဒေးဒရဲ မြို့နယ်တွင် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ်ရှိ ဆေးဝါးနှင့်ဆေးပစ္စည်း‌ အရောင်းဆိုင်များသို့  ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့၊နံနက် (၁၀:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်တာဝန်ခံ ဦးသိမ်းမောင်သည်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်အတွင်း ရောင်းချနေသော ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   အဆိုပါဈေးကွက်အတွင်းစစ်ဆေးရာတွင် ဆေးပစ္စည်းများ ရောင်းချနေသော ဆေးဆိုင်များ၌ ‌ဆေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိ ၊ သိုလှောင်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြရာ ဆေးအရောင်း ဆိုင်များ အနေဖြင့် လိုအပ်သော ဆေးဝါးများကိုဝယ်ယူစုဆောင်းသိုလှောင်မှုမရှိပဲ ပုံမှန်အပတ်စဉ်မှာယူ ရောင်းချလျက်ရှိပြီး သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ရယူထားသည့် တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများကိုသာ ရောင်းချကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအားအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)