Main menu

ဖျာပုံခရိုင်၊ ကျုံကူကျေးရွာရှိ “ရွှေပြည်စိုး” ဆန်စက်သို့ သိုလှောင်ရုံဝင်ဆံ့အင်အားနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ (၁၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ကျုံကူကျေးရွာရှိ ရွှေပြည်စိုး ဆန်စက်သို့ သိုလှောင်ရုံဆံ့ဝင်အင်အားနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ မြို့နယ်တာဝန်ခံသည် ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေများအား လေ့လာခဲ့ရာ သိရှိလိုသည်များအား ဆန်စက်ပိုင်ရှင် ဦးစိုးသူရမှ ရှင်းလင်းပြောကြားခဲ့ပါသည်။

    မြို့နယ်တာဝန်ခံမှ လက်ရှိလည်ပတ်နေသော ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှု၊ ဆန်စပါး အရည်အသွေးပြည့်မီစေရေး၊အလေးချိန်ပြည့်မီမှန်ကန်စေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ သိုလှောင်ရုံများ စနစ်တကျထားရှိမှု အခြေအနေများနှင့် ခေတ်မှီစက်ကိရိယာများ တပ်တင်ထားမှု နှင့်ထုတ်လုပ်နိုင်မှုအခြေအနေ၊ ဆန်စပါးဈေးနှုန်းဈေးကွက်နှင့်တင်ပို့မှုအခြေအနေများ၊ ဆန်စက်ကြိတ်ခွဲရာမှ  ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ထားခြင်းရှိ/မရှိ ၊MSMEs လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်“ရွှေပြည်စိုး” ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းလေ့လာစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)