Main menu

စားသုံးသူကာကွယ်ရေး ပြည်သူလူထုများအား အသိပညာပေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ သည် ပန်းတနော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရပ်ကွပ်နေပြည်သူများနှင့် ရပ်ကျေးအုပ်ချုပ်ရေး မှူးများတွေ့ဆုံ၍ (၁၄.၂.၂၀၂၄) ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီ အချိန်တွင် ပြည်သူ(၅၄)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေခြင်း ကို ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရန် ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

   ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်(၈)ချက်၊ ကုန်စည်ဝန်ဆောင်မှု အဓိပ္ပါယ်အကြောင်း၊ အခန်း(၁၂)ပုဒ်မ(၂၄) ပုဒ်မ(၂၅) ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးအကြောင်းကိုလည်းကောင်း၊ အခန်း(၁၄)ပုဒ်မ(၂၇) ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးကိုလည်းကောင်း၊ အခန်း(၁၈)ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှုအား အလေးထားသတိပြု ဝယ်ယူသုံးစွဲသင့်ကြောင်းနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက အခန်း(၁၉)တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်း အကြောင်းကို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။

DOCA(ဧရာဝတီ)