Main menu

စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကျင်းပ

Powered by Drupal

   စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက် ၈:၀၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

   အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်တကွ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နည်းပြများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါ သည်။

    အဆိုပါ သင်တန်းသည် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကုန်အညွှန်း အမှတ်အသား စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် တိကျမှန်ကန်မြန်ဆန်စေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများအပြင် ဆက်စပ်ဌာနများ၏ ဥပဒေ၊ နည်းဥပဒေများအား သိရှိ၍ လုပ်ငန်းများအား မှန်ကန်စွာဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်စေရေးနှင့် အာဆီယံနိုင်ငံများတွင် ဆောင်ရွက်နေသည့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများအားလည်း သိရှိနိုင်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။

   သင်တန်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်မှ သင်တန်းသား (၉) ဦးအနေဖြင့် ရုံးအမှတ် (၅၂) တွင် In Person တက်ရောက်မည်ဖြစ်ပြီး  ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စစ်ဆေးရေးအရာရှိ (၁၇၆) ဦးအနေဖြင့် Online (Zoom Platform) မှတဆင့် တက်ရောက်မည်ဖြစ်ပြီး သင်တန်းကို Hybrid ပုံစံဖြင့် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ သင်တန်းတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စစ်ဆေးရေးအရာရှိများ မဖြစ်မနေ သိရှိလိုက်နာဆောင်ရွက်သွားရမည့် အချက်များကို ဌာနတွင်းဘာသာရပ်တာဝန်ခံများမှလည်းကောင်း၊  ကုန်သွယ်ရေးဦးစီးဌာနနှင့် မူပိုင်ခွင့်ဦးစီးဌာနတို့မှ စစ်ဆေးရေးအရာရှိများ မဖြစ်မနေ သိရှိသင့်သည့်အချက်များကို သက်ဆိုင်ရာ ဘာသာရပ်တာဝန်ခံများမှလည်းကောင်း ဆွေးနွေးသွားမည် ဖြစ်ပါသည်။