Main menu

စားသုံးသူကာကွယ်ပေးရေး အသိပညာပေး Talk Show

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်(ဦးစီးအရာရှိ) သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Showကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ပန်းတနော်လူထုအခြေပြုဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

          အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စားသုံးသူအခွင့်အရေးနှင့် ပတ်သက်၍ စားသုံးသူနစ်နာဆုံးရှုံမှုဖြစ်ပေါ်လာပါက တောင်းဆိုနိုင်သည့် စားသုံးသူအခွင့်အရေးအကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်ပေးသည့် အခြေအနေများကို မေးမြန်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ် အကြောင်းများကို ရှင်းလင်းပြီး၊ ဥပဒေပါ စားသုံးသူအခွင့်အရေး အချက်အလက်များ ကိုသိရှိနိုင်ရန် ရှင်းလင်းခဲ့သည်။ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၅)ပါ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်း တာဝန်များအကြောင်းကိုလည်းကောင်း၊ အခန်း(၆) စစ်ဆေးရေးအရာရှိ၏ လုပ်ငန်း တာဝန်များ အကြောင်းကို စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်ပတ်သက်၍ တိုင်ကြားနိုင်သည့် နည်းလမ်းများ အကြောင်း ကို ပြည်သူများသိရှိနိုင်ရန် အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)