Main menu

ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန် ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေ ရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဖေဖေါ်ဝါရီလ(၁၉)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းရှိ ဒေါ်တင်တင်ဝင်း ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒု-ဦးစီးမှူး ဦးသီဟမင်းခိုင်နှင့် ဝန်ထမ်းတစ်ဦး၊ စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်တို့မှ ပူးပေါင်းကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်သည့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာ ဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များအတိုင်း ပြည့်စုံစွာထည့်သွင် ဖော်ပြထားခြင်း ရှိ/မရှိ နှင့် သက်တမ်းလွန်ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိတို့အား မိတ်ဖက် ဌာနများ နှင့်ပူးပေါင်းကာ လစဉ်လျာထားချက်များ သတ်မှတ်ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိနားလည်ထားရန်လိုကြောင်း ၊ ထုန်ကုန်လုံခြုံစိတ်ချရမှုရှိပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက် ပါရှိသော ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေးခဲ့ပြီး ဌာနဥပဒေနှင့် ညွန်ကြားချက်များပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)