Main menu

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးနိုင်မှုအခြေအနေ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်ခိုင်၊ ဦးစီးမှူး ခေါင်းဆောင်သော ဝန်ထမ်းများသည် ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရန်အတွက် အလုံမြို့နယ် အလုံဈေးတွင် စားသုံးဆီအမျိုးမျိုးတို့တွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများပါဝင်မှု ရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ရာ စားသုံဆီအမျိုးမျိုးတို့တွင် ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများ စုံလင်စွာပါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် ဦးစားပေးဆောင်ရွက်ရမည့် ကုန်စည်အမျိုးအစားများမှ ကလေးအဟာရဖြည့်စွက်စာ အမျိုးမျိုးတို့အား ကျောက်တံတားမြို့နယ် Ciy Care၊ ပန်းဘဲတန်းမြို့နယ် Medi Care၊ လသာမြို့နယ် ရွှေအိုးဆေးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများပါဝင်မှု ရှိ/မရှိနှင့်  ဆေးနှင့်ဆေးပစ္စည်း ဆက်စပ် ပစ္စည်း ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)