(၁၆.၂.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီတွင် ဒေါပုံမြို့နယ်အတွင်းရှိ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနိုင်စစ်အောင်(ဒုကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများသည် ဒေါပုံမြို့နယ်အတွင်းရှိ ဆေးဝါးနှင့်ဆေးပစ္စည်းများရောင်းချသည့် ဆေးဆိုင်(၇)ဆိုင်သို့ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ဒေါပုံမြို့နယ်အတွင်းရှိ ဆေးဝါးနှင့်ဆေးပစ္စည်းများရောင်းချသည့် ဆေးဆိုင်များ တွင် ဆေးဝါး ပြတ်လပ်ခြင်းရှိ/ မရှိနှင့် ဆေးဈေးနှုန်းများ အဆမတန်မြင့်တင်ရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ ဆေးဝါးပြတ်လပ်ခြင်းမရှိကြောင်း၊ ဆေးဈေးနှုန်းများ အဆမတန်မြှင့် တင်ရောင်းချ ခြင်းမရှိကြောင်း၊ ပုံမှန်အတိုင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိခဲ့ရပါသည်။ ထို့နောက် စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပြဠာန်းထားသည့် အခန်း (၁၈)၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် (ဆ)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ လက်ခံရောင်းချရမည်ဖြစ်ကြောင်းနှင့် လိုက်နာမှုမရှိပါကဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)