Main menu

မြောက်ဒဂုံမြို့နယ်ရှိ (Max – 2) စက်သုံးဆီအရောင်းဆိုင်သို့ စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှုးရုံးအနေဖြင့် ခရိုင်အတွင်း မြို့နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်း များသည် PPRD မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ / မရှိနှင့် စက်သုံးဆီပြတ်လပ်မှုရှိ / မရှိတို့၏ အခြေအနေများကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့ တင်ပြလျက်ရှိရာ  (၁၈.၂.၂၀၂၄) ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် ဒဂုံမြို့သစ်ခရိုင် ၊အမှတ် -၁(၉၅၈/၅၉/၆၀) ငါးမာန်အောင်ဘုရားလမ်း၊ (၃၃) ရပ်ကွက်ရှိ Max Energy Co., Ltd မှ အသစ်ဖွင့်လှစ်ရောင်းချသည့် စက်သုံးဆီဆိုင်အမည် Max(မြောက်ဒဂုံ–2) စက်သုံးဆီအရောင်းဆိုင်သို့ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့်ဝန်ထမ်းများမှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ဆိုင်တာဝန်ခံဦးဇော်နိုင် နှင့်တွေ့ဆုံရာ ယခင်က KZH စက်သုံးဆီအရောင်းဆိုင် အမည် ဖြင့် ရောင်းချခဲ့ပြီး ယခုမှ Max Energy Co., Ltd  PPRD မှ လွှဲယူလိုက်ခြင်းဖြစ်ကြောင်း၊ စက်သုံး ဆီလေးမျိုးရောင်းချကြောင်း၊ နံနက် ၆:၀၀ မှ ည ၂၁:၀၀ နာရီထိ ဆိုင်ဖွင့်ကြောင်း၊ PPRD မှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းဖြစ်ကြောင်း ဆိုင်တာဝန်ခံမှ ပြောကြား ခဲ့ပြီး၊ ခရိုင်ဦးစီးမှူးဦးလှစိုးက ဆိုင်အတွင်း/အပြင်နှင့် ဆီကန်ဝင်ဆံ့မှုပမာဏတို့ကို စစ်ဆေးခြင်း၊ စက်သုံးဆီအရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်တို့ကို မှန်မှန်ကန်ကန်နှင့် အပြည့်အဝပေးစေခြင်း၊ စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး၊ PPRD နှင့် သက်ဆိုင်ရာဌာနများ၏ စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာသလို စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော  စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် အညီလုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)