Main menu

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့ ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး အစီအမံချမှတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Powered by Drupal

     (၂၇.၂.၂၀၂၄)ရက်နေ့ ၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာမြို့၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဥက္ကဌ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း ဦးဆောင်၍ စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊  စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူများ လုံခြုံ စိတ်ချရမှုရှိစေရေး အစီအမံချမှတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပဆောင်ရွက်ခဲ့ရာ မိတ်ဖက် ဌာနမှ လာရောက်ဆွေးနွေးသည့် အရာထမ်းများနှင့် လုပ်ငန်းရှင်များ စုစုပေါင်း (၈၀)ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

    အဆိုပါအလုပ်ရုံ‌ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဌ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူများလုံခြုံ စိတ်ချရ မှုရှိစေရေးအစီအမံများ ချမှတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်မှာ စားသုံးသူ ကာကွယ်ရေးဥပဒေတွင် ပါရှိသည့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ ဝန်ဆောင်မှုနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များကို ပြဌာန်းပြီးဖြစ်ပါကြောင်း၊ သယ်ယူပို့ဆောင်းရေးလုပ်ငန်းရှင်းများက ထုတ်လုပ်‌ရောင်းချဖြန့်ဖြူးရာတွင် MSME နှင့် သက်ဆိုင်သော ဝန်ဆောင်မှုများနှင့် ပတ်သက်၍ သိသင့်သည့်အချက်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းနှင့် အညီ ဆောင်ရွက်နိုင်စေရေး ဆွေးနွေးညှိနှိုင်းဖော်ထုတ်နိုင်ရန်အတွက် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ စားသုံးသူမှကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးရန်၊ ဘေးအန္တရာယ် ရှိသည်ဟုထင်မြင်ယူဆရသော ကုန်စည်(သို့) ဝန်ဆောင်မှုများကို စောင့်ကြည့်စစ်ဆေးနိုင်ရန်၊ စားသုံးသူရေးရာဦးစီးဌာနက စစ်ဆေးရေးအရာရှိများ ခန့်အပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသူံးသူကာကွယ်ရေးလုပ်ငန်းများကို ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရန် တိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီအဖွဲ့ဝင်များကလည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသောဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များက ညွှန်ကြားချက်၊ စည်းမျည်း စည်းကမ်းဥပဒေနှင့်အညီ ဆွေးနွေးဖော်ထုတ်ပေးစေလိုကြောင်းပြောကြားခဲ့ပါသည်။

     ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ခေတ္တတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်က စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအစီအမံချမှတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းမှာ စီးပွားရေး လုပ်ငန်းရှင်များ သက်ဆိုင်ရာကဏ္ဍအလိုက် လိုင်စင်သက်တမ်း၊ ထုတ်လုပ်မှုဆိုင်ရာ ပါဝင်သိသင့်သည့် နည်းပညာများကိုသိစေလို၍ ပူးပေါင်းဖော်ထုတ်ဆွေးနွေးစေနိုင်ရန်၊ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် တက်ရောက်လာကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦသိန်းဟန်က ပုဂ္ဂလိကကဏ္ဍ သယ်ယူပို့ ဆောင်ရေးလုပ်ငန်း စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းစဉ်များအကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုဝေက  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှဌာန၏ လုပ်ငန်းများအကြောင်း၊ အစားအသောက်တွင် ခွင့်မပြုဆိုးဆေးများအကြောင်း၊ သုံးစွဲရန်ခွင့်မပြု တာရှည်ခံဆေးများအကြောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်က MSMEsနှင့် ဆက်စပ်၍ စားသုံးသူ များအကြောင်းတို့အား  ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာကြသော လုပ်ငန်းရှင်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)