Main menu

ပြည်မြို့ရှိ ဆီစက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင် အတွင်းရှိလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များအား သိရှိ လိုက်နာစေရေးရည်ရွယ်၍ ပြည်မြို့ မြန်မာနိုင်ငံသားများဘဏ်(MCB) အစည်းအဝေးခန်းမ၌ (၂၉.၁.၂၀၂၂) ရက်နေ့၊ နံနက်(၉:၀၀)နာရီတွင် ပြည်မြို့ရှိ ဆန်စက်၊ ဆီစက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် ပြည်ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း ဟောပြော ဆွေးနွေးခဲ့ပြီး ဆန်စက်နှင့် ဆီစက်လုပ်ငန်းရှင် (၂၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)