Main menu

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် စားအုန်းဆီဖြန့်ဖြူးရေး စီမံခန့်ခွဲမှု Software နှင့်ပတ်သက်၍ ရှင်းလင်းပွဲ အခမ်းအနား ကျင်းပ

Powered by Drupal

    စားအုန်းဆီဖြန့်ဖြူးရေးစီမံခန့်ခွဲမှု Software နှင့်ပတ်သက်၍ ရှင်းလင်းပွဲ ၏ ပထမနေ့ဖွင့်ပွဲ အခမ်းအနားကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပဥ္စမထပ် အစည်းအဝေးခန်းမ တွင် (၄.၃.၂၀၂၄)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ (၃)ရက်တာ ကျင်းပပြုလုပ်သွားမည့် အခမ်းအနား၏ ပထမနေ့ဖွင့်ပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ကျော်လွင် နှင့် တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဆီကိုယ်စားလှယ် များ စုစုပေါင်း ၁၉၂ ဦး တက်ရောက်ခဲ့ကြပါသည်။

    အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၏ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဦးကျော်ကျော်လွင်က စားအုန်းဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးရေးကြီးကြပ်မှုကော်မတီ၏ သတ်မှတ်ထားသည့် ဆီခွဲတမ်းများကို သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းများကို တိတိကျကျရောက်ရှိစေရန်အတွက် Software စနစ်အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၊ ဥက္ကဌ ဦးဆန်းလင်းက အသင်းအနေနှင့် တစ်နိုင်ငံလုံးစားအုန်းဆီ မပြတ်လပ်စေရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အသင်းသားများအနေနှင့် နိုင်ငံတော်က သတ်မှတ်ထား သည့် သင့်တင့်မျှတသော အကျိုးအမြတ်ကိုသာရယူ၍ ဖြန့်ဖြူးရောင်းချရန် တိုက်တွန်းပြောကြား ခဲ့ပါသည်။

  ထို့နောက် Capital Connect Company Limited. မှ Product Manager ဒေါ်မြင့်သူဇာက စားသုံးဆီဖြန့်ဖြူးရေးစီမံခန့်ခွဲမှု Software စနစ်၏ ရည်ရွယ်ချက်၊ စနစ်၏ စီမံဆောင်ရွက်နိုင်မှုများ၊ စနစ်အသုံးပြုခြင်းကြောင့် ရရှိနိုင်မည့် အားသာချက်များနှင့် စနစ်၏ လုပ်ဆောင်ပုံတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်အခမ်းအနားတက်ရောက် လာသူများက သိလိုသည်များကို မေးမြန်းခဲ့ကြပြီး Capital Connect Company Limited. မှ Chief Technology Officer ဦးကျော်ဖြိုးသက်နှင့် တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင် တို့က ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့ကာ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

DOCA(ရန်ကုန်)