Main menu

ဗိုလ်တထောင်ခရိုင်အတွင်း စက်သုံးဆီဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ ခရိုင်အတွင်း မြို့နယ်များရှိ နေ့စဉ်ရောင်းချနေသော စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုရှိ/ မရှိနှင့် ကားတန်းစီမှုအခြေ အနေတို့ကို ၄.၃.၂၀၂၄ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

 ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်အတွင်းရှိ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ သာကေတမြို့နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုရှိ/ မရှိနှင့် ကားတန်းစီမှုအခြေအနေတို့ စစ်ဆေးခဲ့ရာ  ဘောက်ဆာကားများ Terminal တွင် ဆီထုတ်ပြီးထွက်လာချိန်နှင့် Customer ကားများ အဝင်များချိန် တိုက်ဆိုင်သွားပါက ခေတ္တခဏ ဆီပြတ်လပ်သွားပြီး ဆီကားရောက်ရှိပါက ပုံမှန်အတိုင်း ပြန်လည်ရောင်းချပေးပါကြောင်း၊ ကားတန်းဆီမှုမှာ ပုံမှန်အတိုင်း (၁၀)စီး၊ (၁၅)စီးခန့်သာရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)