Main menu

ဗိုလ်တထောင်ခရိုင်တွင်းရှိ ဘိလပ်မြေဆိုင်များ မြေပြင်လက်ကျန်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၏လမ်းညွှန်မှာကြားချက်အရ၊ တိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် ခရိုင်အတွင်းမြို့နယ်များ တွင် ရောင်းချနေသောဘိလပ်မြေဆိုင်များတွင် ကုန်ပစ္စည်းလက်ကျန် အခြေအနေများကို သိရှိနိုင်ရန် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

      ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီး မှူးရုံးမှ စစ်ဆေးရေးမှူးများဖြစ်ကြသော ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှုး)နှင့် ဦးသိန်းထွန်း (ဌာနခွဲစာရေး)တို့သည် ၂.၃.၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီတွင် ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းရှိ အဲဗားဘိလပ်မြေအရောင်းဆိုင်နှင့် Pro One Home Center တို့တွင်လည်းကောင်း၊ ဒေါပုံမြို့နယ်ရှိ ဒေါ်လှခင်ဘိလပ်မြေအရောင်းဆိုင်တွင်လည်းကောင်း၊ သာကေတမြို့နယ်ရှိ ဒို့တာဝန်ဘိလပ်မြေအရောင်းဆိုင်တွင်လည်းကောင်း ဘိလပ်မြေရောင်းချမှု အခြေအနေတို့ကိုမေးမြန်းစုံစမ်းရာ ဘိလပ်မြေလက်ကျန်မရှိတော့ကြောင်း၊ ပစ္စည်းပြတ်လပ်သည်မှာ ၂ ရက် ၃ ရက်ရှိပြီဖြစ်ကြောင်း၊ ကျောက်ဆည်၊ မတ္တရာစသည့်မြို့နယ်များမှ တိုက်ရိုက်ပို့ပေးခြင်းဖြစ်ကြောင်း၊ ယခုအခါ နယ်အဝင်မရှိသေးကြောင်း သိရှိခဲ့ရပါသည်။

DOCA(ရန်ကုန်)