Main menu

ဒေးဒရဲမြို့နယ် ၊ စားသုံးဆီဆိုင်များသို့ မြို့နယ်စစ်ဆေးရေးမှူးမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် စစ်ဆေးရေးမှူး ဦးသိန်းမောင်သည် ၂၀၂၄ခုနှစ်၊ မတ်လ(၅) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ ၊ အမှတ်(၁) ရပ်ကွက် ပြည်တော်သာလမ်းနှင့် မြို့မဈေးအတွင်းရှိ စားသုံးဆီဖြန့်ဖြူး ရောင်းချသည့် ဆိုင်များသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ကွင်းဆင်းစစ်ဆေးမှုအရ ဒေးဒရဲမြို့နယ်ရှိ စားသုံးဆီဆိုင်များတွင် အိမ်နီးချင်းနိုင်ငံများမှ တရားမဝင်တင်သွင်းလာသည့် ပုစွန်တံဆိပ်ပါ  စားသုံးဆီများ ရောင်းချမှုမရှိကြောင်းနှင့် စားအုန်းဆီ များကိုလည်း သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ တရားမဝင် တင်သွင်းလာသည့် ပုစွန်တံဆိပ် စားသုံးဆီများနှင့် အလားတူဆီများ ရောင်းချခြင်းမပြုရန်၊ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချရန်၊ လိုက်နာ ဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)