ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ မတ်လ(၆)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ အချိန်တွင် မြို့နယ်ထွေအုပ်ရုံး၌ သဘာဝဘေးလျော့ပေါ့ရေးစေတနာ့ ဝန်ထမ်းလူငယ်ဆင့်ပွား သင်တန်းသူ/သား(၃၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ အသိပညာပေးပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေး တို့အတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့် အချက်များ၊ ဈေးကွက်အတွင်းရှိ ကုန်စည်နှင့်ဝန်ဆောင်မှုများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များအကြောင်း၊ မြန်မာဘာသာဖြင့်ဖြစ်စေ အခြားဘာသာတစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများ ဖွင့်လှစ်ထားရှိကြောင်း အသိပညာပေးခြင်းအပေါ် သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)