Main menu

မအူပင်ခရိုင်ဦးစီးမှူးရုံး ဝန်ထမ်းများ လစဉ် လူထုဆန္ဒဖော်ထုတ်ပွဲနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ပင်ခရိုင်ဦးစီးမှူးရုံးသည် ၁.၃.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် မအူပင်ခရိုင်ဦးစီးမှူးရုံး တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ် တာဝန်ထမ်းဆောင်သူဝန်ထမ်း စုစုပေါင်း (၁၅)ဦး တက်ရောက်သည့် ၂၀၂၄ခုနှစ်( ၂/၂၀၂၄)ကြိမ်မြောက်ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ အခမ်းအနားတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်း(လက်ထောက်ညွှန်ကြားရေးမှူး) မှ ခရိုင်ရုံးရှိဝန်ထမ်းများအား လုပ်ငန်းအခက်အခဲများနှင့် ဝန်ထမ်းတို့၏ တင်ပြစရာရှိသော ကိစ္စရပ်များကို ပွင်းလင်းစွာ တင်ပြဆွေးနွေးနိုင်ကြောင်းနှင့်၊ မိမိတို့ ဌာန၏ လက်ရှိလုပ်ငန်းနေသော လုပ်ငန်းများ၏ အမိန့်၊ ညွှန်ကြားချက်များကို ဝန်ထမ်းများသိရှိနားလည်စေရန် ရှင်းလင်းဆွေးနွေးခြင်း၊ ဒေသန္တရမိတ်ဖက် ဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပူးပေါင်းဆောင်ရွက်သင့်သည်ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်ကြရန်၊ မိမိတို့ဌာန၏အဓိကလုပ်ဆောင်နေသော စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ရာတွင် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်ကို အသိပညာပေးရာတွင်  ဌာန၏ ရည်ရွယ်ချက်၊ အဓိကလုပ်ဆောင်ချက်၊ အဖွဲ့အစည်းလုပ်ပိုင်ခွင့်၊ တားမြစ်ချက်များ၊ ပြစ်မှု၊ပြစ်ဒဏ်နှင့် အထွေထွေကိစ္စရပ်များအတွက် သေချာလေ့လာထားရန်၊ ဥပဒေ၊ နည်းဥပဒေများကို သိရှိထားရန်၊ စားသုံးသူအခွင့်အရေးအတွက် တိုင်ကြားလာသည့်အခါ ပြစ်ဒဏ်ထက် ညှိနှိုင်းဖြေရှင်းဆောင်ရွက်လုပ်ငန်းများကို ဖြေရှင်းလုပ်ဆောင်တတ်စေရန်၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းသာမက၊ ပြည်တွင်း ကုန်သွယ်မှုလုပ်ငန်းများကိုပါ လေ့လာသင်ယူပြီး၊ မိမိတို့ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ၏ လုပ်ငန်းနှင့် ဥပဒေများကိုပါလေ့လာပြောကြားခဲ့ပြီး ဖေဖော်ဝါရီလ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် မတ်လလုပ်ငန်းစီမံလျာထားချက်များကို ဌာနခွဲအသီးသီးမှ တင်ပြကြရန် ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများမှ ဖေဖော်ဝါရီလအတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများးကို တင်ပြကြပြီး၊ မတ်လအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းလျာထားချက်များကို တင်ပြကာ ဌာန၏ အမိန့်၊ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်မည်ဖြစ်ပြီး၊ မိတ်ဖက်ဌာနတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်းနှင့် မတ်လအတွင်း အငြိမ်စားခွင့်ခံစားမည့် ဦးမြင့်သူ(ဒု-ကြီးကြပ်ရေးမှူး)မှ နေ့လယ်စာထမင်းနှင့် ဝန်ထမ်းများအား နှုတ်ဆက်ဧည့်ခံကျွေးမွေးပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို နေ့လယ်(၁၂:၀၀)တွင် ပြီးမြောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)