စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်း မြို့နယ်ဝါးတောစွန်းကျေးရွာသို့ (၄.၃.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁နှင့် အတွင်းရေးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်း၍ ပြည်သူ(၁၂၀)ဦးအား အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁နှင့် အတွင်းရေးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဌာနတို့မှ ၎င်းတို့ဌာနများ၏ လုပ်ကိုင်ဆောင်ရွက်နေမှုများကို အသီးသီးရှင်းလင်းဆွေးနွေးပြီး စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်ပစ္စည်းများဝယ်ယူရာတွင် ရွေးချယ်ရန် လိုအပ်သည့် ကုန်အညွှန်းအမှတ်အသား၊ ပြည်တွင်း ဆန်/စပါး၊ ပဲမျိုးစုံတို့၏ ဈေးနှုန်းအခြေအနေများကို ယခင်နှစ်များနှင့် ယခုနှစ် ဈေးနှုန်းခြားနားချက်နှင့် ထွက်ရှိသည့် သီးနှံများအား နိုင်ငံတော်မှ ချမှတ်ထားသည့် ပန်းတိုင်၊ ရည်မှန်းချက်ပြည်မှီရေး ကြိုးစားဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ပြည်သူများ သိရှိလိုသည်များကို မေးမြန်းကြ၍ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)