Main menu

လားရှိုးမြို့အတွင်းရှိ ပင်လယ်စာရောင်းချလျက်ရှိသောဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားသုံးသူများသုံးစွဲသောကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခြင်းများကို အဓိကထားဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ (၈-၀၂-၂၀၂၂) ရက်နေ့၊ နံနက်(၁၀) နာရီအချိန်တွင် လားရှိုးမြို့၊ အမှတ် (၂) ရပ်ကွက်အဝေရာလမ်း၌  ဖွင့်လှစ်ရောင်းချလျက်ရှိသော မြသန္တာပင်လယ်စာမျိုးစုံရောင်းဝယ်ရေးဆိုင်နှင့် အမှတ်(၈)ရပ်ကွက်၊ သိန္ဒီလမ်းမပေါ်၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော လပွတ္တာပင်လယ်စာမျိးစုံရောင်းဝယ်ရေးဆိုင်တို့အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာများ ပြည့်စုံစွာပါရှိရေးတို့အတွက်  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရှမ်းပြည်နယ်