Main menu

ဒေးဒရဲမြို့နယ် အမှတ်(၂) ရပ်ကွက်၊ ကံ့ကော်လမ်း “ထွန်းမြရောင်” ဝပ်ရှော့လုပ်ငန်း MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံသည် ၂၀၂၄ ခုနှစ်၊ မတ်လ (၉) ရက်နေ့၊နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ် အမှတ်(၂) ရပ်ကွက်၊ ကံ့ကော်လမ်း ထွန်းမြရောင် ဝပ်ရှော့လုပ်ငန်း MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် လုပ်ငန်းရှင် ဦးမောင်လှနှင့် တွေ့ဆုံ၍ ကုန်ကြမ်းပစ္စည်းရရှိမှု အခြေအနေ၊ ကုန်ပစ္စည်းထုတ်လုပ်နိုင်မှုအခြေအနေ၊အကျိုးအမြတ်ရရှိမှုအခြေအနေ၊ လုပ်ငန်းတိုးချဲ့ ဆောင်ရွက်နိုင်ရေး အခြေအနေများကို ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ “ထွန်းမြရောင်” ဝပ်ရှော့လုပ်ငန်း မှ လယ်ယာလုပ်ငန်းတွင် အသုံးပြုသောအနိမ့်တင်ရေပိုက်နှင့်ပတ်သက်၍ သံပိုက်၊ PVC ပိုက်အသစ် ပြုလုပ်ရောင်းချခြင်း၊ အဟောင်းပြုပြင်ခြင်း စက်ပစ္စည်းများပြုပြင်ပေးခြင်း၊ ဂဟေဆော်ခြင်းလုပ်ငန်းနှင့် သံထည်ပစ္စည်းများ ဖြတ်ခြင်း၊ ပြုပြင်ပေးခြင်းတို့ကို အဓိကထားလုပ်ကိုင်လျက်ရှိကြောင်း ကွင်းဆင်းခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)