Main menu

ကုန်ပစ္စည်းပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုသည့် အချက်များအား အချိုရည်လုပ်ငန်းရှင်မှလာရောက်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

       ရခိုင်ပြည်နယ်ရှိ ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင် (၁)ဦးမှ စစ်တွေမြို့နယ်အတွင်း ၎င်းထုတ်လုပ်မည့်ကုန်ပစ္စည်းနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားများကို မည်ကဲ့သို့ဖော်ပြရမည်ကိုသိရှိလို၍ (၈-၂-၂၀၂၂) နေ့ နေ့လည်(၁:၀၀)ခန့်အချိန်တွင် ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးသို့လာရောက်၍ ပြည်နယ်ဦးစီးမှူးနှင့် လာရောက်တွေ့ဆုံမေးမြန်းလာခဲ့ပါသည်။

      စီးပွားရေးလုပ်ငန်းရှင်မှ မိမိအနေဖြင့် အချိုရည်နှင့် ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းကို ပြုလုပ်လိုသည့်အတွက် ၎င်းကုန်ပစ္စည်းနှင့်ပတ်သက်၍ ဌာနဆိုင်ရာများ၏ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်လိုပါကြောင်း၊ သို့ဖြစ်ပါ၍ ၎င်းအချိုရည်ကုန်ပစ္စည်းပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားများအား စားသုံးသူရေးရာဦးစီးဌာန၏ ဥပဒေနှင့်အညီ ဖော်ပြနိုင်ရေး လမ်းညွှန်မှုခံယူလိုပါ၍ လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

      ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဇော်ထွန်းမှ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေကို ပြဌါန်းထားပြီးဖြစ်ရာ ကုန်ပစ္စည်းထုတ်လုပ်သည့် မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ၎င်းတို့ထုတ်လုပ်သည့်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ကုန်ပစ္စည်းများပေါ်တွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများကို ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါပြဌါန်းချက်နှင့်အညီ ဖော်ပြရန်လိုအပ်ပါကြောင်း၊ ၎င်းအပြင် ကုန်စည်အုပ်စုအလိုက်၊ ကုန်ပစ္စည်းအမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်များကို (၂/၂၀၁၉) ညွှန်ကြားချက်နှင့်အညီ ဖော်ပြရန်လိုအပ်ပါကြောင်း၊ အကယ်၍ လိုက်နာဆောင်ရွက်မှု မရှိပါက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်ပါကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု/ပြစ်ဒါဏ်များအား ချပြရှင်းလင်းပြောကြားခဲ့ပါသည်။

        စီးပွားရေးလုပ်ငန်းရှင်မှ မိမိအနေဖြင့် အချိုရည်ကို ထုတ်လုပ်ဖြန့်ဖြူးခြင်းမပြုလုပ်ရသေးသော်လည်း ယခုကဲ့သို့ ပြည်နယ်ဦးစီးမှူး၏ ရှင်းလင်းပြောကြားမှုကြောင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိနားလည်ပြီး ထုတ်လုပ်မည့် ကုန်ပစ္စည်းအပေါ်၌ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းကို စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါအတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ပြောကြားဆွေးနွေးခဲ့ပါကြောင်း သိရှိရပါ သည်။

စားသုံးသူရေးရာဦးစီးဌာန

ရခိုင်ပြည်နယ်